tag:blogger.com,1999:blog-31234418238661254282024-03-04T21:38:43.951-08:00rakhinecherryhttp://www.blogger.com/profile/12705573480980399525noreply@blogger.comBlogger3125tag:blogger.com,1999:blog-3123441823866125428.post-18701373760282827002012-10-19T00:45:00.000-07:002012-10-19T00:48:50.955-07:00နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ်တို့ နယူးယောက်မြို့၌ သီးခြားတွေ့ဆုံဆွေးနွေးအမေရိကန်နိုင်ငံသို့ ရောက်ရှိနေ သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည်
စက်တင်ဘာလ ၂၆ ရက်(မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၇ နံနက် ၁ နာရီ
ဝန်းကျင်)တွင် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ထိုင်းဝန်ကြီးချုပ်
ယင်လက်ခ် ရှင်နာဝပ် အစရှိသူတို့ နှင့် နယူးယောက်မြို့ရှိ တည်းခိုရာ ဟိုတယ်၌
တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်
နယူးယောက်ရှိ တည်းခိုရာ The Mark ဟိုတယ်၌ အမေရိကန် သမ္မတဟောင်း
ဘီလ်ကလင်တန်နှင့် သီးခြားတွေ့ဆုံခဲ့ ခြင်းဖြစ်ပြီး
အဆိုပါတွေ့ဆုံမှုအပြီးတွင် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်နှင့်
ဆက်လက်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတော်သမ္မတသည်
ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျား
အစရှိသည့် ပုဂ္ဂိုလ်များနှင့်လည်း ဆက် လက်တွေ့ဆုံမည် ဖြစ်ပါသည်။

(၆၇)ကြိမ်မြောက်
ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် အတွက် နယူးယောက်သို့
ရောက်ရှိနေသော နိုင်ငံတော်သမ္မတသည် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်၌ ရင်းနှီးစွာ
တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှုမှာ အချိန် ၁၅ မိနစ်ခန့်ကြာ
မြင့်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတသည် စက်တင်
ဘာလ၂၇ရက်နေ့တွင်(၆၇)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ General Debate
အစီအစဉ်တွင် မိန့်ခွန်းပြော ကြားမည်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅
နာရီအချိန်တွင် Asian Society ၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားပြီး အမေး၊
အဖြေအစီအစဉ်ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင် နယူးယောက်မြို့ရှိ
မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံရန် စီစဉ်ထား ကြောင်းသိရသည်။

လက်ရှိအချိန်တွင်
အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၂၆ ရက် နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း ဦးဆောင်ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ပညာရေးဆွေးနွေးပွဲသို့
တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆွေးနွေးပွဲ၌ တောင်အာဖရိကသမ္မတ
ဂျက်ကော့ဇူးမား၊ ဒိန်းမတ်ဝန်ကြီးချုပ် Helle Thorning-Schmidt ၊
ဩစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂေးလော့တို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်လည်း
ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။cherryhttp://www.blogger.com/profile/12705573480980399525noreply@blogger.com0tag:blogger.com,1999:blog-3123441823866125428.post-12497733136750672742012-10-19T00:33:00.002-07:002012-10-19T00:35:21.558-07:00တရုတ်သူဌေး သေဆုံးမှုဖြင့် စကားပြန်နှင့် တဦးကို ဖမ်းဆီးထား ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် နဝဒေးဥယျာဉ်
အိမ်ရာအတွင်း တရုတ်နိုင်ငံသား လုပ်ငန်းရှင် တဦး သေဆုံးနေကြောင်း
တွေ့ရှိခဲ့ပြီးနောက် ပတ်သက်သည် ဟူသော သံသယဖြင့် အမျိုးသမီးတဦးနှင့်
အမျိုးသား တဦးကို ရဲက ထိန်းသိမ်းလိုက်သည်။

နဝဒေးဥယျာဉ်အိမ်ရာ ၁၄ လမ်းအတွင်းရှိ နေအိမ်တွင် အောက်တိုဘာလ ၁ဝ ရက်နေ့ နံနက်က

အလုပ်ဆင်းရန်

ရောက်လာကြသော
အလုပ်သမားများက အိမ်ပေါ်ထပ်တွင် သေဆုံးနေသော မစ္စတာ လောင်ရှဲမေစိမ်း (အသက်
၅ဝ ဝန်းကျင်)ကို တွေ့ရှိခဲ့ပြီးနောက် ရဲဌာနသို့ အကြောင်းကြားခဲ့ကြသည်။

ဆေးခေါင်းအုံး
လုပ်ငန်းပိုင်ရှင် လောင်ရှဲမေစိမ်း ၏ မျက်နှာနှင့် လည်ပင်းတို့တွင် ညိုမဲ
ဒဏ်ရာရပြီး ဝဲဘက်လက်တွင် ကြိုးချည်ထားက ပါးစပ်တွင် အဝတ်ဆို့လျက်
သေဆုံးနေခြင်းဖြစ်ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းတွင် ပါရှိသည်။

အိမ်တွင်းသို့ ဝင်ရသည့် တံခါးများ ဖျက်ဆီးထားခြင်း မရှိသည်ကိုလည်း မှတ်တမ်းတင်ထားသည်။

သေသူ၏
စကားပြန်လုပ်ခဲ့ဖူးသူ အသက် ၂၉ နှစ်အရွယ် မယဉ်ယဉ်မေနှင့် ၎င်း၏
သူငယ်ချင်းဖြစ်သူ အသက် ၃ဝ နှစ်အရွယ် ကိုဝင်းကိုကို (ခ) ကိုအာကာ တို့အား ရဲက
ထိန်းသိမ်းထားသည်။

“မယဉ်ယဉ်မေကို မရမ်းကုန်းမှာ ဖမ်းဆီးရမိခဲ့ပြီး
ဝင်းကိုကို (ခ) အာကာ ကိုတော့ သူနေထိုင်တဲ့ အဆောင်မှာ သွားဖမ်းခဲ့တယ်” ဟု
လှိုင်သာယာ မြို့နယ်စခန်းမှူး ရဲအုပ်မျိုးမြင့် က ပြောသည်။

မစ္စတာ
လောင်ရှဲမေစိမ်း နှင့် မယဉ်ယဉ်မေ တို့သည် ဇူလိုင်လ နှောင်းပိုင်းအထိ
အခင်းဖြစ်ပွားရာ နေအိမ်တွင် ၂ နှစ်ကျော် နေထိုင်ခဲ့ကြသည်ဟု ပဏာမ
စစ်ဆေးတွေ့ရှိချက်ကို အခြေခံ၍ ရဲက ထုတ်ပြန်သည်။ သြဂုတ်လတွင် မယဉ်ယဉ်မေ သည်
အဆောင်တခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟုလည်း ဆိုသည်။

“အဲဒီလူဆီက
သူ့ရပိုင်ခွင့်တွေ တောင်းဆိုတာ မရတဲ့အတွက် အဲဒါကိုအငြိုးထားပြီး
ပညာပေးဖို့ အကြံအစည် ရှိခဲ့တယ် လို့ သူမက ပြောတယ်။ ဒါကြောင့် သူမ
နေထိုင်တဲ့ အဆောင်နဲ့ နီးတဲ့ အဆောင်တခုမှာ နေတဲ့ သူငယ်ချင်းဖြစ်သူ ……ကို
သူမအကြောင်းတွေ အကုန်ပြောပြလိုက်ပြီး အဲဒီအကြံအစည် အကောင်အထည်ဖော်ဖို့
အကူအညီ

တောင်းခဲ့တယ်” ဟု ရဲအုပ်မျိုးမြင့် က ပြောသည်။

“ပညာပေးရုံသက်သက် နာကျင်အောင်လုပ်ခဲ့ရာကနေ လက်လွန်သွား” ကြောင်း ဝန်ခံထားသည်ဟုလည်း ဆိုသည်။

ထိုအမှုနှင့်ပတ်သက်၍
တရုတ်သံရုံးသို့လည်း အကြောင်းကြားထားပြီးဖြစ်ကာ “အမှုကို သက်သေတွေနဲ့
သေချာစစ်ပြီး အမှုခိုင်ခိုင်မာမာဖြစ်သွားရင် တရားစွဲဆိုမှုတွေ
ဆက်လုပ်သွားမှာပါ” ဟု ရဲအုပ်မျိုးမြင့်က ပြောသည်။cherryhttp://www.blogger.com/profile/12705573480980399525noreply@blogger.com0tag:blogger.com,1999:blog-3123441823866125428.post-79564410184124434152012-10-14T20:31:00.000-07:002012-10-14T20:31:48.383-07:00SINOPEC ရေနံကုမ္ပဏီကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆီနိုပက် (SINOPEC) တရုတ် ရေနံကုမ္ပဏီရဲ့ စည်းကမ်းမဲ့ မိုင်းခွဲမှုတွေ
အပါအ၀င် ရေနံ စူးစမ်းရှာဖွေရေးကြောင့် မကွေးတိုင်းအတွင်းက မြိုနယ် (၄)
ခုလောက်မှာ မြေပြိုမှု၊ လယ်ယာမြေနဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု
အခြေအနေတွေ ဆိုးဆိုးဝါးဝါး
ပေါ်ပေါက်နေတယ်လို့ မကွေးမြို့ အခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့က RFA
ကို ဒီကနေ့ ပြောပါတယ်။

ဆီနိုပက်ကုမ္ပဏီဟာ မြန်မာအစိုးရပိုင် (MOGE) မြန်မာ့ရေနံနဲ့
သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ပူးပေါင်းပြီး မကွေးတိုင်းအတွင်းက ဂန့်ဂေါ၊
ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ ရေနံ ရှာဖွေနေရာမှာ
ပုံတောင်ပုံညာ တောင်တန်းရဲ့ တဖက်တချက်မှာရှိတဲ့ ပေါက်မြို့နယ်၊
မြိုင်မြို့နယ်၊ ဆောနဲ့ ထီးလင်းမြို့တွေမှာ မနှစ်ကစလို့ မြေပြိုမှုဒဏ်ကို
အဆိုးဝါးဆုံး ကြုံတွေ့နေရတယ်လို့ မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့

အထွေထွေ
အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောပါတယ်။

အဲဒီဒေသတွေမှာ တွင်းတူးမှု၊ မိုင်းခွဲမှု၊ တိုင်းတာမှု စတဲ့
ရေနံရှာဖွေရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ရာနဲ့ချီတဲ့ တရုတ်နိုင်ငံသား
ကုမ္ပဏီဝန်ထမ်းတွေက ဒေသခံ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မယူဘဲ
သစ်တောကြိုးဝိုင်းတွေနဲ့ လူနေရပ်ကွက်တွေပါမချန် ဆောင်ရွက်နေတယ်လို့
ဒေသခံတွေက ပြောပါတယ်။

လယ်ယာမြေတွေနဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု ကြီးမားတဲ့အတွက်
ဆီနိုပက်ကုမ္ပဏီကို ဥပဒေအရ တရားစွဲဆိုပြီး လျော်ကြေး သတ်မှတ်တောင်းဆိုဖို့
ဒေသခံတွေက အထက်အာဏာပိုင်တွေထံ တင်ပြထားတယ်လို့လည်း သိရပါတယ်။

မကွေးမြို့အခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့ အထွေထွေ
အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က
ဆက်သွယ်မေးမြန်းထားပါတယ်။cherryhttp://www.blogger.com/profile/12705573480980399525noreply@blogger.com0