Friday, October 19, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ်တို့ နယူးယောက်မြို့၌ သီးခြားတွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေ သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၆ ရက်(မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၇ နံနက် ၁ နာရီ ဝန်းကျင်)တွင် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ် အစရှိသူတို့ နှင့် နယူးယောက်မြို့ရှိ တည်းခိုရာ ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

တရုတ်သူဌေး သေဆုံးမှုဖြင့် စကားပြန်နှင့် တဦးကို ဖမ်းဆီးထား

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် နဝဒေးဥယျာဉ် အိမ်ရာအတွင်း တရုတ်နိုင်ငံသား လုပ်ငန်းရှင် တဦး သေဆုံးနေကြောင်း တွေ့ရှိခဲ့ပြီးနောက် ပတ်သက်သည် ဟူသော သံသယဖြင့် အမျိုးသမီးတဦးနှင့် အမျိုးသား တဦးကို ရဲက ထိန်းသိမ်းလိုက်သည်။

နဝဒေးဥယျာဉ်အိမ်ရာ ၁၄ လမ်းအတွင်းရှိ နေအိမ်တွင် အောက်တိုဘာလ ၁ဝ ရက်နေ့ နံနက်က

Sunday, October 14, 2012

SINOPEC ရေနံကုမ္ပဏီကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီး

ဆီနိုပက် (SINOPEC) တရုတ် ရေနံကုမ္ပဏီရဲ့ စည်းကမ်းမဲ့ မိုင်းခွဲမှုတွေ အပါအ၀င် ရေနံ စူးစမ်းရှာဖွေရေးကြောင့် မကွေးတိုင်းအတွင်းက မြိုနယ် (၄) ခုလောက်မှာ မြေပြိုမှု၊ လယ်ယာမြေနဲ့ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေ ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတယ်လို့ မကွေးမြို့ အခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။
ဆီနိုပက်ကုမ္ပဏီဟာ မြန်မာအစိုးရပိုင် (MOGE) မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ပူးပေါင်းပြီး မကွေးတိုင်းအတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ ရေနံ ရှာဖွေနေရာမှာ ပုံတောင်ပုံညာ တောင်တန်းရဲ့ တဖက်တချက်မှာရှိတဲ့ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆောနဲ့ ထီးလင်းမြို့တွေမှာ မနှစ်ကစလို့ မြေပြိုမှုဒဏ်ကို အဆိုးဝါးဆုံး ကြုံတွေ့နေရတယ်လို့ မြစ်ကွေ့ဧရာ လူမှုကွန်ရက်အဖွဲ့

Your ideal